လွိုင်လင်မြို့၌(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်

လွိုင်လင် ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့၌ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိင်ရေးအတွက် သက်ဆိုင်ရာဌာနများကို ဖိတ်ကြား၍ ညှိနှိုင်းဆွေး‌နွေးရခြင်းဖြစ်ကြောင်း၊ လွတ်လပ်‌ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို စနစ်တကျစီစဉ် ဆောင်ရွက်ရန်လိုကြောင်း၊  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ ၊ ကလေးငယ်များအတွက် မီတာ ၁၀၀ နှင့်မီတာ ၅၀ အပြေးပြိုင်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည ့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး