အင်္ဂပူ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စောလျှင်စွာပြီးစီးခဲ့သော ရပ်ကွက် / ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားမှာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန်မကျန်ရှိတော့ကြောင်း ထောက်ခံချက်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင် လ.ဝ.က ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးတို့မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း လူကျန်မရှိအောင် စောလျှင်စွာ ဆောင်ရွက်ပြီးစီးခဲ့သော ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စု၊ ပေါင်း (၂၆)အုပ်စု အားပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန် /ဆက်)