ကာမိုင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ လင်းရောင်ခြည်စာသင်တိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသော ကျောင်းထိုင်ဆရာတော် အရှင်ပညိဿရအား သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော် ကပ်လှူဂုဏ်ပြုပူဇော်ပွဲအား ယနေ့နံနက် ၉ နာရီခန့်က ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်ရှိ လင်းရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အဆိုပါ ဘွဲ့တံဆိပ်မှာ ၁၃၈၂-ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် နိုင်ငံတော်အစိုးရမှ ကြီးမှုးကျင်းပသော ဓမ္မာစရိယစာမေးပွဲကို အောင်မြင်တော်မူ၍ ဂုဏ်ပြုပူဇော်ရခြင်းဖြစ်ပြီး ပူဇော်ပွဲကို နမောတဿ ၃ ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး သာသနစဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညိဿရအား ပလ္လင်တော်မြတ်ပေါ်သို့ ပင့်ဆောင်သည့် ပလ္လင်တော်ဖွင့်ဂါထာဖြင့် ဦးဇာဂရအရှင်မြတ်မှ ရွတ်ဖတ်ပင့်ဆောင်ကာ ဧည့်ပရိသတ်အပေါင်းတို့က ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလခံယူကြပြီး ဥယျောဇနဂါထာကို ရတနာဘုံကျောင်းဆရာတော် ဦးသီရိဝံသမှ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်အရှင်မြတ်များအား လူဖွယ်၀တ္ထုများဆက်ကပ်လှူဒါန်းခြင်း ၊ ဆရာတော် အရှင်မြတ်များက မေတ္တသုတ်ပရိတ် ချီးမြှင့်ခြင်း၊ သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညိဿရအား ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေတော်ရွာ မူလမဟာစက်တော်ရာ ကျောင်းဆရာတော် ဦးတေဇောဘာသမှ ဂုဏ်ပြုပူဇော်အပ်သော သုလဘာ၀တဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ဘွဲ့တံဆိပ်တော်ရ အရှင်ပညိဿရအား ၀မ်းမြောက်၀မ်းသာဖြစ်စေရန်အတွက် စီတုံကျောင်းဆရာတော် ဦးဂန္ဓသာရမှ ထုသိဝေဒလဂါထာဖြင့် ရွတ်ဆိုပူဇော်ခြင်း၊ ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုအတွက် ဆုတောင်းအမျှဝေ ခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)