သရက်ချောင်း ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် မီးဘေးလုံခြုံရေး အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေမှုတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် ၀န်ထမ်းများက မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းများ (၆၀၀)စောင်၊ စတေကာအကြီး (၄၅၀)ခုနှင့် စတေကာအသေး(၂၇၀၀) စုစုပေါင်း(၃၇၅၀) ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးနွယ်၀င်း