သတင်းများ

ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး
Dec 23,2021
ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို အခြေခံပညာ ကျောင်းအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက နဲသမိန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကျင်းပ
Dec 23,2021
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဆင်းရဲဒုက္ခနည်းပါသက်သာစေရန်နှင့် လူသားခြင်းစာနာထောက်ထားမှုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်လျက်ရှိသည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ရက် ညနေ ၄နာရီတွင် ထန်ထုကျေးရွာ ကျေးရွာခန်းမ၌ကျင်းပသည်။
မိသားစုဝင်ငွေတိုးပွားစေရန်မုန်ညင်းပင်များ စနစ်တကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၍ စီးပွားရေးအဆင်ပြေ
Dec 23,2021
ပြည်သူများနေ့စဉ်စားသုံးလျက်ရှိသည့် အသီးအနှံများတွင် ဆောင်းရာသီသီးနှံတစ်မျိုးဖြစ်သည့် အိမ်ရှင်မများအကြိုက် မုန်ညင်းရွက်အပင်များကို ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင် ခြံစိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရသဖြင့် မိသားစုများအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မချမ်းဘော့မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေးTalk Showကျင်းပ
Dec 23,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း ၍ ကိုယ်လက်လှုပ်ရှားအားကစားအသိပညာပေး Talk Show ကို ယမန်နေ့ ညနေ (၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်စောက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် စာဖတ်သူတိုးပွားလာစေရန်၊ ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ရရှိစေရန်နှင့်  စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ “စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
လှိုင်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန် ကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်
Dec 23,2021
လှိုင်မြို့နယ်တွင် ယမန်နေ့ ၃ နာရီအချိန်က သတိပေးကြေညာချက်အား မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လမ်းမကြီးများ အပါအဝင် လမ်းသွယ်များအတွင်း တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်အသိပေးကြေညာခြင်း ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ် ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံ ဖြင့် ပို့ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်ဖော်ထုတ် ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ် ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက်ရှိ ကြောင်း၊ ထို့အပြင်အချို့သော အကြမ်းဖက်သမားများသည် နိုင်ငံသူနိုင်ငံသားများ၏ မသိ နားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိ လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) စက်ဖြင့် ကောက်ရိုးထုံးခြင်းတောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်းနည်းစနစ် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းဌေး ၏ ကွင်းအမှတ် (၉၁၀) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်အတွင်းရှိ အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ် 
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးလပတ်အတွက် အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားနေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့သည်။