မချမ်းဘော့ ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း ၍ ကိုယ်လက်လှုပ်ရှားအားကစားအသိပညာပေး Talk Show ကို ယမန်နေ့ ညနေ (၃)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစား Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က အသိပညာပေး Talk Show ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်လင်းစိန်က ကိုယ်လက်လှုပ်ရှားအားကစား၏ အဓိပ္ပယ်နှင့်ရည်ရွယ်ချက်၊ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် အလွယ်တကူ ပြုလုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစား နည်းလမ်းများ အကြောင်းကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)