လှိုင် ဒီဇင်ဘာ ၂၃
လှိုင်မြို့နယ်တွင် ယမန်နေ့ ၃ နာရီအချိန်က သတိပေးကြေညာချက်အား မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လမ်းမကြီးများ အပါအဝင် လမ်းသွယ်များအတွင်း တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်အသိပေးကြေညာခြင်း ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ် ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံ ဖြင့် ပို့ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်ဖော်ထုတ် ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ် ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက်ရှိ ကြောင်း၊ ထို့အပြင်အချို့သော အကြမ်းဖက်သမားများသည် နိုင်ငံသူနိုင်ငံသားများ၏ မသိ နားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိ လျက်ရှိသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေ ရင်ဆိုင်မှုများ မရှိစေနိုင်ရေးအလို့ငှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူနိုင်ငံသားများ အားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ဆက်သွယ်ရေးပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ၊ နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ် ဆေးဝါးများ လက်ဝယ်သို့ ရောက်ရှိ သိမ်းဆည်းထားခြင်းများ နီးစပ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၊ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက် အပ်နှံကြပါရန်နှင့် သတ်မှတ်ရက် ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်နှိုးဆော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
သီတာ (ပြန်/ဆက်)