နောင်မွန်း ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ဆင်းရဲဒုက္ခနည်းပါသက်သာစေရန်နှင့် လူသားခြင်းစာနာထောက်ထားမှုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်လျက်ရှိသည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ရက် ညနေ ၄နာရီတွင် ထန်ထုကျေးရွာ ကျေးရွာခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်ဆိုင်ဆန်ဖုန်ဆားရ်က ကြက်ခြေနီအသင်းခွဲ၏ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခြင်းကိုလည်းကောင်း၊ ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းက သင်တန်းဆင်းအမှာစကားများကိုလည်းကောင်း အသီးသီးပြောကြားသည်။ ထို့နောက်သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိသည့် သင်တန်းသူသင်တန်းသားများအား ဆုချီးမြင့်ခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲထံ အခြေခံအသက်ကယ်အထောက်အကူပြုသင်တန်းလေ့ကျင့်ရေးအထောက်အကူပြုအရုပ်နှင့် Advance first-aid kid ကိုပေးအပ်ခြင်း၊ သင်တန်းသူသင်တန်းသားများအတွက် Small firstaid kid အခု(၅၀)တို့ကိုပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကိုဒီဇင်ဘာလ(၂၀)ရက်မှ(၂၂)အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အဆိပ်မိခြင်းစသောဘာသာရပ်(၁၂)ရပ်ကို သင်တန်းနည်းပြ(၆)ဦးတို့က စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြရာ သင်တန်းသားသင်တန်းသူ(၅၃)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသားများကို စာတွေ့လက်တွေ့စာမေးပွဲများဆန်းစစ်ခဲ့ကြောင်းသတင်းရရှိသည်။
မြို့နယ်