ရပ်စောက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရပ်စောက်    ဒီဇင်ဘာ   ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် စာဖတ်သူတိုးပွားလာစေရန်၊ ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ရရှိစေရန်နှင့်  စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ “စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးကျော်မိုးက စာရေးဆရာမ ခင်မျိုးချစ်ရေးသားသည့် စာအုပ်စာပေ အသိဉာဏ်ပညာနှင့် ပရိုမီသိယပ်စ်ဆောင်းပါး၊ စာရေးဆရာမ မြသန်းတင့်ရေးသားသည့် စာဖတ်ခြင်းနှင့် ကြီးမြတ်သော လူမျိုးဆောင်းပါးနှင့် စာရေးဆရာမောင်လွင်မွန်(ကသာ)ရေးသားသည့် စာဖတ်ခြင်းဆောင်ပါးပါ အချက်များအား ဆွေးနွေးသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးကျော်မိုးက ပြန်လည် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)