ပန်းတနော်မြို့နယ်အတွင်းရှိ အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ် 

ပန်းတနော် ဒီဇင်ဘာ ၂၃ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးလပတ်အတွက် အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားနေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့သည်။ 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် () ရပ်ကွက်ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပန်းတနော်မြို့နယ်တွင် ရပ်ကွက်( )ခုနှင့်ကျေးရွာအုပ်စု (၅၂)အုပ်စုရှိပြီး အသက်( ၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၁၁၅၉)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်