ဝန်းသိုမြို့နယ် အောင်ဇာနည်ကုန်းကျေးရွာ၌ VDP စီမံကိန်းရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်

ဝန်းသို ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အောင်ဇာနည်ကုန်းကျေးရွာတွင် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း ၁၀၀ဖြင့် (ရေရရှိရေးလုပ်ငန်း)  အကျယ် ၄လက်မခွဲ၊ အနက်ပေ ၄၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှသိရသည်။

အဆိုပါကျေးရွာသည် နွေရာသီကာလသောက်သုံးရေရှားပါးသောကြောင့် ရေရှိရေးလုပ်ငန်း( စက်ရေတွင်း တူးဖော်ခြင်း) လုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ်ရွေး ချယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း လက်ရှိအချိန်တွင် အနက်ပေ ၈၀ ခန့်တူးဖော်ပြီးစီးပြီဖြစ်ပြီး လုပ်ငန်းအားလုံးအောင်မြင်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ(၇၈)အိမ် ၊ လူဦးရေ (၄၁၆)ဦးတို့အတွက် နွေရာသီသောက်သုံးရေရှားပါးပြတ်လပ်မှုမှ ကင်းဝေးစေမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရန်ရည်ရွယ်၍ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်ဖွံ့ဖြိုးရေး ရန်ပုံငွေများအား ကိုယ်တိုင်စီမံခန့်ခွဲ အကောင်အထည် ဖော်ဆောင်ရွက်ရသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကို ဝန်းသိုမြို့နယ်ရှိ ကျေးရွာပေါင်း(၇)ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန် /ဆက်)