ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ကျောက်ဆည် ဒီဇင်ဘာ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်ဓာတ်သုံးစွဲနေသည့် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ သစ်ပင်သစ်ကိုင်များ ခုတ်ထွင်ရှင်းလင်းရာတွင် ဟံမြင့်မိုရ်လျှပ်စစ်ဓာတ်အားခွဲရုံ (၃၃/၁၁) ကေဗွီလိုင်းမှ ကျေးရွာများသို့ လျှပ်စစ် ဖြန့်ဖြူးပေးနေ့သည့် (၁၀) အမ်ဗွီအေလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းခဲ့ခြင်းကြောင့် ဟံမြင့်မိုရ်လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားသည့် အင်းကုန်း၊ ဟံမြင့်မိုရ်၊ သံရွာကျေးရွာတစ်လျောက် လျှပ်စစ်သုံးစွဲနေသည့် ကျေးရွာပေါင်း(၃၈)ရွာမှ ပြည်သူ (၆၀၇၄) ဦး လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။

သက်မောင် (ကျောက်ဆည်)