မောက်မယ် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဝေးလံခေါင်ဖျားကျေးရွာများဖြစ်သော ဟိုလွိုင်ကျေး ရွာအုပ်စုအတွင်းရှိကျေးရွာများဖြစ်သော ကုန်းမလန်းကျေးရွာနှင့် နားတောင် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ကြသည့်ဝန်ထမ်းများတို့က အိမ်ထောင်စုဇယားနှင့်အသက်(၁၀)နှစ်ပြည့် ၊ အသက် (၁၈) နှစ်ပြည့် ၊ လဲလှယ် ၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကဒ်ပြားများရရှိစေရေးအတွက် ဒေသခံ တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ(၄၉)ဦးအား ဆောင်ရွက်ပေးပြီး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိရေး ကျန်ရှိနေသေးသည့် ဝေးလံခေါင်ဖျား ဟိုလွိုင်ကျေးရွာအုပ်စု အတွင်းရှိ ဟန်နားကျေးရွာ ၊ ကုန်းလိုင်ကျေးရွာနှင့် ခုံမမွန်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဒုလဝကမှူးဦးကျော်ထိန်ဝင်း ထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)