လမ်းမတော်မြို့နယ် လူထုအခြေပြု (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်

လမ်းမတော် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ အ‌နောက်ပိုင်းခရိုင် (လမ်းမတော်မြိုနယ်)ရုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူထုအခြေပြု (Community Centre)တွင် တက္ကသိုလ်နေဝင်းရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို နောက်မျိုးဆက်သစ် တွေ လက်ဆင့်ကမ်းပေးဖို့ လိုပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အနောက်ပိုင်းခရိုင်၊ လမ်းမတော် မြို့နယ်ဦးစီးမှူးက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှ ရရှိသည့် အသိပညာ ဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့် ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြား သည်။ ထို့နောက်တက် ရောက်သည့် စာပေချစ်မြတ်နိုးသူများမှလည်း အသိပညာခြင်းဖလှယ်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်