လှိုင် ဒီဇင်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း၊ လှိုင်ကုသရေး စင်တာတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ရပ်ကွက်(၁၆)ခုအတွင်းရှိ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ ပထမအကြိမ် စုစုပေါင်း (၁၅၆)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၅၀) ဦးကို နှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ကာကွယ်ဆေးထိုးနှံရာ နေရာသို့ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သီတာ