နောင်ချို ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး၊ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ပါသည်။
ဒေါ်ကေသီမြိုင်
“ကျွန်မကတော့ ဒေါ်ကေသီမြိုင် ဖြစ်ပါတယ်ရှင်။ ဈေးရပ်ကွက်မှာနေထိုင်ပါတယ်။ အသက်ကတော့ (၄၂) နှစ်ရှိပါပြီ။ ကျွန်မ အရင်ဆုံးကိုယ်လက်တွေ ကိုက်ခဲလာပါတယ်။ ခေါင်းတွေလည်းမူးလာပါတယ်။ နောက်နေ့ ကျ ဖျားလာပါတယ်။ ကလေးငယ်ကလည်းရှိတော့ စိတ်ပူပြီး ဆေးစစ်လိုက်တဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ တယ်။ ကိုဗစ်ဆိုတာ သိတာနဲ့ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ပါတယ်။ ကျွန်မကကာကွယ်ဆေး မထိုးထားတဲ့ အတွက် သူများထက်ပိုခံစားရတယ်လို့ ထင်ပါတယ်။ ဆေးရုံတက်ပြီး ၁၀ ရက်အကြာမှာတော့ ပြန်လည်ကျန်း မာလာတဲ့အတွက် ဆေးရုံဆင်းခွင့်ရခဲ့ပါတယ်။ ဆေးရုံက ပြန်ရောက်တာနဲ့ အိမ်မှာ Home Quarantine (၇) ရက် ထပ်မံနေထိုင်ခဲ့ပါတယ်။ ကိုဗစ်ဖြစ်တဲ့ အချိန်မျာ ကျွန်မသမီးလေးကိုပါ ကူးစက်ခံရမှာ စိုးရိမ်ခဲ့မိတယ်။ ကျွန်မပြောပြချင်တာက ကိုဗစ်ရောဂါကိုခံစားခဲ့ရပေမဲ့ ဘယ်ကနေ ကူးစက်ခံရတယ်ဆိုတာကို သတိမထားမိခဲ့ ပါဘူး။ ဒါကြောင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ပါ။ လက်ကို မကြာခဏ ဆေးကြောပါ။ လူစုလူဝေးကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကိုမဖြစ်မနေထိုးနှံကြပါ။ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း နေထိုင်သွားကြပါလို့ ပြောကြား လိုပါတယ်ရှင့်။
ထွေးငယ်၊ (ပြန်/ဆက်)