မိုးမိတ် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို သဲနီကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိ ပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသား မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာပြီး ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicron) များ ဝင်ရောက်ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိ၊ သတိများ ရရှိစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)