ဒီဇင်ဘာ ၂၃ ရက်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ နံရံကပ် စာစောင်များ၊ ဆေးရောင်စုံပန်ချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀) နာရီက လူထုအခြေပြု (Community Centre) ခန်းမတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်များပြသရာတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့မှု သမိုင်းမှတ်တမ်းများ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ချုပ်ဆိုခဲ့သည့် သမိုင်းဝင် စာချုပ်များစသည်တို့ကို နံရံကပ်စာစောင်များဖြင့် စုံလင်စွာပြသခဲ့ သည်ထို့အပြင် ကျောင်းသား/ ကျောင်းသူ (၂၀)ဦးက၊ ဆေးရောင်စုံပန်ချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ များအား ဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်