မြို့သစ်မြို့နယ်၌ သင်္ဘောစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ၍ အဆင်ပြေ

မြို့သစ် ဒီဇင်ဘာ ၂၃

မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ သင်္ဘောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ခူးဆွတ်ရောင်းချရ သောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရသည်။

သင်္ဘောပင်ကို တစ်ပင်နှင့် တစ်ပင် ၅ ပေခြား စိုက်ပျိုးကာ ရေအဝင်/အထွက် လွယ်ကူစေရန် မြေပေါင်များ ပြုလုပ်ပေးရကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်ခြေ များတွင် မြေဩဇာသင့်တင့်ရုံ ကျွေးပေးရပြီး လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ် ဆေးဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းချချိန် ရက်ခြားခူ၍ ရောင်းချရသလို နေ့စဉ်ခူးဆွတ်၍ လည်း ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်လုံးလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ အထိ ရောင်းချရသည့်အတွက် နေ့စဉ်အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိ ကြောင်း မြို့သစ်မြို့နယ်ရှိ သင်္ဘောစိုက်ပျိုးသူ ဦးလှမြင့်ကြည်၏ ပြောပြချက်အရ သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)