ဟိုပန် ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟိုပန်မြို့နယ် ကောင်းကော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဒီဇင်ဘာလ ၂၂ ရက် နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မဆုတ်မနစ် ကြိုးပမ်းခဲ့ရပုံ အဆင့်ဆင့်နှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း တို့ကို ဟောပြောကာ အနာဂတ်လူငယ်၊ ကျောင်းသား/သူများ အနေဖြင့် မိမိတို့
နိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ကို အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်၍ အလေးအနက် တန်ဖိုးထားတက်ကြစေရန်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာ့ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့မှု မှတ်တမ်း ဓာတ်ပုံများ ပါဝင်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)