ရွာသစ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club) စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရွာသစ် ဒီဇင်ဘာ ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦး​ဇော်မိုးဦးက  စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဒေါ်နီလာတိုးက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အားတင်းထား” စာအုပ်သည် ဘဝအတွက် တကယ့်အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများ သည် အတုယူစရာကောင်းကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ “အားတင်းထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက သင်မှပြင်မှ ဘဝပိုလှ၊ ဗဟုသုတကတန်ခိုးနှင့် ပညာနဲ့ငွေ စသည် တို့ကို မိမိတို့အမြင်နှင့် ခံစားချက်များကို အချင်းချင်း ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ရွာသစ် (ပြန်/ဆက်)