မြောက်ဦးခရိုင်အတွင်းရှိ ငါး/ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြောက်ဦး ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အတွင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်များ တွင် ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော ပြည်သူများမှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံသော အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်နေ့  နံနက် ၉ နာရီအချိန်က ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ငါး/ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြောက်ဦးခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကိုခေတ်မီနည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်နိုင်ရေးအတွက် ခရိုင်အတွင်းရှိ မြို့နယ်များမှ ငါး/ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ငါး/ပုဇွန်မွေးမြူရေး ကန်များအနေဖြင့် တရားဝင်မြေနေရာရရှိရေး၊ မြေ အမျိုးအစားနှင့်ဧကများမှန်ကန်စွာ စာရင်းပြုစုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ငါးလုပ်ငန်းဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ သည်။ ထို့နောက် တက်ရောက်လာသော ငါး/ပုဇွန် မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့၏လုပ်ငန်း အခက်အခဲများ၊ ငါး/ပုဇွန်သားဖောက်စခန်းများနှင့် ပြည်တွင်းပြည်ပဈေးကွက်ရရှိနိုင်ရေးနှင့်ပတ် သက်၍ အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ် ဦးစီးမှူးများမှ လယ်ယာမြေအကြောင်းအရာများ နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌမှ လိုအပ်သည်များ ကူညီ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)