သတင်းများ

မင်းတုန်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့ စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကျင်းပ
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာရုံး ပြည်သူ့စာကြည့်တိုက်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို  စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေး
Dec 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာနှင့် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း
ချောင်းသာမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကွန်ကရစ်လမ်းသစ်ဖွင့်
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျ ရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မဟာဗန္ဓုလလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။
မိုင်းယုမြို့တွင် ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် Box Culvert အသစ် တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်
Dec 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆လ) (Mini)၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်းမ Box Culvert အသစ် တည်ဆောက်ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းလုပ်ငန်းများကို နိုဝင်ဘာ ၂၀ ရက်နေ့က မိုင်းယောင်းမြို့နယ်၊ လမ်းဦးစီးဌာနတို့မှ စတင်ဆောင်ရွက်နေလျက်ရှိသည်။
မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ 
Dec 24,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အနေဖြင့် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်ပြုထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပေးအပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 24,2021
ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွင်းရှိ ယာယီပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ရေနံချောင်းမြို့နယ် ဂျုပ်ပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသာစိစစ်ရေး ကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး ရေနံချောင်းတက္ကသိုလ်စာပေဆွေးနွေးပွဲ တက်ရောက်
Dec 24,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။