ရေနံချောင်း ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးနေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်း များအား လမ်းညွှန်ပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေနံချောင်းမြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော်နှင့် ဝန်ထမ်းများက ဂျုပ်ပင်ကျေးရွာဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ နိုင်-၃(က)ဖြင့် ၂၄ ဦး၊ နိုင်-၆(က)ဖြင့် ၂၆ ဦး၊ လဲလှယ် ၃၂ ဦး၊ မိတ္တူ ၄၅ ဦး စုစုပေါင်း ၁၂၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က မွန်းလွဲပိုင်းတွင် ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ရေနံချောင်းတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်လင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး စာရေးဆရာစိုးသုတ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးဦးတင်ခြုံ၊ ဘာသာရပ်ဆိုင် ရာကျွမ်းကျင်ပညာရှင်ကြီး ဒေါက်တာ ဘိုးထိုက်၊ စာပေကျွမ်းကျင်ပညာရှင်ကြီး ဒေါက်တာတင်လင်းဇော်၊ ရေနံချောင်း တက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာကျော်ဆွေဦး၊ ဒဿနိက ဗေဒဌာနမှ ပါမောက္ခဌာန မှူးဒေါက်တာငြိမ်းမြင့်တို့က နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက ်လိုသည့် စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ၊ ကျောင်းသားလူငယ်များအတွင်း ထက်မြက်မှန်ကန ်မြင့်မားစေရေးတို့အတွက် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယင်းနောက် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ပါဝင်ဆွေးနွေး သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ နည်းပြသရုပ်ပြ သစ်လွင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်