(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၂၄

ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွင်းရှိ ယာယီပိုက်ကျော်ခြင်းကွင်းတွင် ကျင်းပသည်။

ဗိုလ်လုပွဲတွင် တပ်ကုန်း(၁) အသင်းနှင့် တပ်ကုန်း(၂)အသင်းတို့ (၃)ပွဲယှဉ်ပြိုင် ကစားရာ တပ်ကုန်း(၁) အသင်းက(၂)ပွဲနိုင်၍ ဗိုလ်စွဲသွားခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်း အနားကို  ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆုရရှိသူများအား ဥတ္တရခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် ဥတ္တရခရိုင် ကိုယ်စားပြု ()သင်း၊ တပ်ကုန်းမြို့နယ်ကိုယ်စားပြု ()သင်း၊ ပုဗ္ဗသီရိ မြို့နယ်ကိုယ်စားပြု ()သင်း၊ ဇေယျာသီရိမြို့နယ် ကိုယ်စားပြု ()သင်း၊ စုစုပေါင်း()သင်း အား အုပ်စု()ခုခွဲ၍ ပတ်လည်ပါဝင်ယှဉ် ပြိုင်ခဲ့ကြပြီး ပထမဆု (၂၀၀၀၀၀/-)ကျပ်၊ ဒုတိယဆု (၁၅၀၀၀၀/-)ကျပ်၊ တတိယဆု (၁၀၀၀၀၀/-)ကျပ်နှင့် အထူးဆု (၂၀၀၀၀/-) ကျပ် တို့အား ချီးမြှင့်ပေးအပ်ခဲ့သည်။

ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ခေတ် လူငယ်များခြင်း လုံး အားကစားကို စိတ်ပါဝင်စားလာစေရန်၊ လက်ရွေးစင် ကစားသမားများ ရွေးထုတ်နိုင် ရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ပိုက်ကျော် ခြင်း အားကစား အဆင့်အတန်း ပိုမိုမြင့်မား တိုးတက်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကျင်းပ ပေးခြင်းဖြစ်ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)