ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိနေ
Dec 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့်ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာ ကျောင်းနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများ အရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်ရက်နေ့ နံနက်ပိုင်းကလည်း ဝါးတရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို ကျားဟုန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။