မိုင်းယုမြို့တွင် ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် Box Culvert အသစ် တည်ဆောက်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်

မိုင်းယု ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆လ) (Mini)၊ ပြည်နယ် (ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်းမ Box Culvert အသစ် တည်ဆောက်ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်းလုပ်ငန်းများကို နိုဝင်ဘာ ၂၀ ရက်နေ့က မိုင်းယောင်းမြို့နယ်၊ လမ်းဦးစီးဌာနတို့မှ စတင်ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ လမ်းခင်းမှုကို မိုင်းယောင်းမြို့နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်/တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေတင့် (ဦးစီးအရာရှိ၊(မြို့/ပြ)က တာဝန်ယူလျက်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ (၆လ)(Mini)၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြစ်သည့် ကျပ် (၂၂)သန်းဖြင့် လမ်းအရှည်  ၂၇ ကီလိုမီတာနှင့် ၂၈ ကီလိုမီတာအတွင်းရှိ Pipe Culvert(၂)စင်းအား (၁ ဒဿမ ၅၂ မီတာ၊ ၁ ဒဿမ ၅၂ မီတာ၊ ၉ ဒဿမ ၁၄ မီတာ) ရှိသည့် Box Culvert အသစ်နှင့်  ကျပ်(၁၁)သန်းဖြင့် လမ်းအရှည်  ၂၆ ကီလိုမီတာနှင့် ၂၇ မီတာအတွင်းရှိ Pipe Culvert တစ်စင်းအား (၁ ဒဿမ ၅၂ မီတာ၊ ၁ ဒဿမ ၅၂ မီတာ၊ ၉ ဒဿမ ၁၄ မီတာ)ရှိသည့် Box Culvert အသစ် တည်ဆောက်ခြင်း လုပ်ငန်းတို့ကိုလည်းကောင်း ဆောင်ရွက်နေလျက်ရှိပြီး ယင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီလကုန်ထိ အပြီးတည်ဆောက်မည်ဖြစ်သည်။

အလားတူ ကျပ်(၁၁၁ ဒဿမ ၃၄၇)သန်းဖြင့် မိုင်းယောင်း-မိုင်းယုကားလမ်း ( ၂၆ ဒဿမ ၇၂ ကီလိုမီတာမှ  ၂၇ ဒဿမ ၃ ကီလိုမီတာအထိ လမ်းအရှည် သုည ဒဿမ ၅၈ ကီလိုမီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာနှင့် ကျပ် (၁၁၅ ဒဿမ ၉၂၀)သန်းဖြင့် ကားလမ်းမ ၂၇ ဒဿမ ကီလိုမီတာမှ ၂၇ ဒဿမ ကီလိုမီတာအကြားရှိ လမ်းအရှည် သုည ဒဿမ ၆ ကီလိုမီတာ၊ အကျယ် ဒဿမ ၆၆ မီတာရှိကြသည့် ကတ္တရာထပ်ပိုးလွှာခင်းကျင်းခြင်း လုပ်ငန်းတို့ကို လည်းကောင်း အသီးသီးဆောင်ရွက်နေ လျက်ရှိကြပြီး ၎င်း ကတ္တရာထပ်ပိုးလွှာခင်း ကျင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အပြီးခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရ သည်။  

ကိုကိုနိုင်(မိုင်းယု)