သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ 
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဆိပ်ကြီး ခနောင်တိုမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းနှင့် အထက ကျောင်းတို့တွင် ယနေ့ နံနက် ၄ နာရီမှ စ၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြောက်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ စောင်များအခမဲ့ဖြန့်ဝေ
Jan 04,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ရုံးများနှင့်အခြေခံပညာ စာသင်ကျောင်းသို့ သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာယာဝတီ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 04,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ လွတ်လပ်ရေးကျောက်တိုင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊(၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အခမ်းအနားကျင်းပ
Jan 04,2022
မ​ကွေးတိုင်း​ဒေသကြီး၊မ​ကွေးခရိုင်၊​ ချောက်မြို့နယ်၌ ဇန်နဝါရီ ၄ရက် နံနက်(၇)နာရီ အချိန်က ၂၀၂၂ခုနှစ်၊ (၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အခမ်းအနားကို​ ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပသည်။
ငဖဲမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 04,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှေ့၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄နာရီမိနစ်၂၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အလံတင် အခမ်းအနားသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ တက်ရောက်၍အလေးပြုခဲ့ကြသည်။
ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 04,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 04,2022
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်း တည်ဆောက်နေမှုအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 04,2022
ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စု လွယ်ခေါကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်း (Victory Garden) တည်ဆောက်နေမှုကို ပြည်နယ်သယံဇာတရေးဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက် ၈ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။