ချောက် ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ ချောက်မြို့နယ်၌ ဇန်နဝါရီ ၄ရက် နံနက်(၇)နာရီ အချိန်က ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအား အလေးပြုခြင်း ပြုကြ သည်။
ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကိုဖတ်ကြား၍ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ပြီးနောက်တတ်ရောက် လာသောဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်း များက(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)