ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

ဘူးသီးတောင် ဇန်နဝါရီ  ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားရာ  သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချသည်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ယူကြရန်၊ မိမိရပ်ရွာအတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြရန်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်းပြီးစည်းကမ်းတကျ မိမိဒေသအကျိုးကို ကူညီဆောင်ရွက်ကြရန်စသည်တို့ကို မှာကြားခဲ့သည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်မှ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ သင်တန်းစည်းကမ်းစည်းကမ်းချက်များအားရှင်းလင်းပြောကြားသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို ဘူးသီးတောင်မြို့နယ်  ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသား(၅၀)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းကာလမှာ ဇန်နဝါရီလ(၃)ရက်နေ့မှ ဖေဖော်ဝါရီလ(၃)နေ့ထိ (၁)လတာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)