ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ 

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၄

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဆိပ်ကြီး ခနောင်တိုမြို့နယ် မြို့မရဲစခန်းဝင်းအတွင်းနှင့် အထက ကျောင်းတို့တွင် ယနေ့ နံနက် ၄ နာရီမှ စ၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေး ဦးစွာ နိုင်ငံတော်အလံတင် အခမ်းအနားကို  နံနက်  နာရီ  ၂၀ မိနစ်တွင် မြို့မရဲစခန်းဝင်းအတွင်းကျင်းပရာ မြို့နယ် ရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံကို တိုင်ထိပ်သို့ လွှင့်ထူပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အလံအားအလေးပြုကြသည်။

ယင်းနောက် နံနက် ၇ နာရီ  ၃၀ မိနစ်တွင် အခြေခံပညာအထက် တန်းကျောင်း(အထက-ခနောင်တို)ခန်းမတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းပရာ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌထံမှပေးပို့လာသော(၇၄)နနှစ်မြောက်လွတ်လပ်ရေး  နေ့  အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်လှိုင်က ဖတ်ကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင် များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာကြသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ဝေယံ