သတင်းများ

ခရမ်းမြို့နယ်၊ အ.ထ.က(၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က(၁) ကျောင်းတွင် ဖြန့်ဝေခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များအား ကြည့်ရှုအားပေး
Jan 03,2022
ကရင်တိုင်းရင်းသားလူမျိုးများ အလေးအမြတ်ထား ဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ် ဖြစ်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့် ဖီ့ဗူးယော်ကောက်သစ်စားပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာနှင့်အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့ရာ ယမန်နေ့ ညပိုင်းက သီရိကွင်း ဒုံးစင်မြင့်ထက်တွင် ပဒေသာဖျော်ဖြေရေးအစီအစဉ်ကို ထည့်သွင်း ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းရင်းသားပြည်သူ များ ကြည့်ရှုအားပေးခဲ့ကြသည်။
သရက်ချောင်းမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်​ဝေ
Jan 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇန်နဝါရီလ (၃) ရက်နေ့နံနက် (၈) နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည်မူလတန်းကြိုကျောင်း၌ (၇၄) နှစ်မြောက် လွတ်‌လပ်ရေးနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၈ နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကာယစွမ်းရည် ပြိုင်ပွဲများ ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ခေါဇာမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန် မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်
Jan 03,2022
မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့အရံမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ၌ မွန် မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
သိန္နီမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Jan 03,2022
သိန္နီမြို့နယ်၌ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အောက် မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် မီနီမာရသွန် အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။