သတင်းများ

လပွတ္တာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကျင်းပ
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ များနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူ များထံသို့ အခမဲ့ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ များအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် နှင့် နိုင်ငံတော်၏ သမိုင်း၀င်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများလက်၀ယ်သို့ အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဝန်းသိုမြို့နယ် သင်တောကျေးရွာ၌ ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းကျော်ပြီးစီး
Jan 03,2022
ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်အခြေ ခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ VDP ဖြင့် သင်တောကျေးရွာတွင်း လမ်းများအား ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ တောင်ငူ၌ကျင်းပ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပသည်။
မိုင်းယန်းမြို့၌ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ပေး
Jan 03,2022
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ပြည်သူများ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မိုင်းယန်းမြို့နှင့် ဝမ်ယန်းရွာသွားလမ်းဘေးရှိ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ အရုဏ်ဆွမ်းလောင်းလှူမှုများ နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၌ အရုဏ်ဆွမ်းလောင်းလှူမှုများကို နေ့စဉ်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင် များကို ကျောင်းသူ/ ကျောင်းသားများ၊ လမ်းဆုံများနှင့် လမ်းမဖြတ်သန်း သွားလာသူပြည်သူများအား သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။
လှိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူ အား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီး များ၏ အသက်သွေးချွေးများကို စတေးကာရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ် စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် “(၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ​ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများအား လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။