မြောက်ဦး ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ရုံးများနှင့်အခြေခံပညာ စာသင်ကျောင်းသို့ သွားရောက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လက်ကမ်းစာစောင်များဖြန့်ဝေရာ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်း စာစောင်များအား ပြည်သူများလက်ဝယ် အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးရေးဦး တည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသား ညီညွှတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ် စိတ်နှင့် ကာကွယ်ပါ၊ ဖိုလေးလုံးသောင်းကိုကို ရေးစပ်သော "တို့များဆင်မြန်း လွတ်လပ်ပန်း"၊ ပြည်သူတွေ့ရဲ့ အင်အားသည်သာ အဓီကနှင့် ကမ္ဘာတည်သရွေ့ စောင်ရှောက်စသည့် အကြောင်းအရာများဖြင့် ဝေဝေဆာဆာ ဖော်ပြပါရှိသော (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်များအား ကျောင်းသား/ ကျောင်းသူများ၊ လမ်းသွားလမ်းလာပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)