သာယာဝတီ ဇန်နဝါရီ ၄
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ လွတ်လပ်ရေးကျောက်တိုင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်အလံကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တိုင်ထိပ်သို့ လွှင့်တင်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဆရာစံခန်းမ၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အဖွဲ့ဝင်ဗိုလ်မှူးကြည်မျိုးလွင်နှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖတ်ကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစာကား လက်ကမ်းစာစောင်များ ဖြန်ဝေပေးကြောင်း သိရသည်။
သန့်ဇော်