ပုသိမ်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များ ဖြန့်ဝေ
Jan 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ( ၄) ရက်နေ့ တွင်ကျရောက် သည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံ နက်(၆)နာရီကစတင်ကာ လွပ်ရေးနေ့ အခမ်းအနားကျင်းပရာ ကျောက်တိုင်အားကစားအတွင်းရှိ ဌာနအသီးသီးရှိဝန်ထမ်းများ၊ အခြေခံ ပညာ ကျောင်း များ မှ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများကိုဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍စျေးရောင်း ချသူများ၊လူစည်ကားရာ နေရာများရှိ ပြည်သူများထံသို့ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။