မိုးကုတ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 05,2022
မန္တတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၇၄)နှစ်မြောက်လွတ်လပ်ရေး နေအထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၆)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင်ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားသို့ တက်ရောက်လာသည့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များသို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။