ဒီပဲယင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ဒီပဲယင်း ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဒီပဲယင်းမြို့ စိမ်းလဲ့ကန်သာ အားကစားပန်းခြံကွင်းအတွင်း ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက  (၇၄)နှစ်မြောက်  လွပ်လပ်ရေးနေ့ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းထိုက်က ဖတ်ကြားခဲ့သည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ် အကြိုအားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည့်  ပြိုင်ပွဲအသီးသီးမှ  ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီး ပေးခဲ့အပ်ကြောင်း သိရသည်။

သိန်းထွန်း(ဒီပဲယင်း)