တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်အားကစားကွင်းကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အမှတ်(၁၀)ရပ်ကွက် ဘောလုံး အသင်းနှင့် သမာဓိ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၁၀)ရပ်ကွက် ဘောလုံးအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ဘောလုံးပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးခွန်အောင်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ အသီးသီးတို့က တစ်ဦးခြင်း အကောင်းဆုံးဆုများဖြစ်သော ရှေ့တန်းဆု၊ အလယ်တန်းဆု၊ နောက်တန်းဆု၊ ဂိုးသမားဆု၊ ဂိုးအများဆုံး ဆုများနှင့် ပထမ၊ ဒုတိယ၊ တတိယရရှိသော ဘောလုံးအသင်း များအား ဒိုင်းဆု၊ ငွေသားဆုနှင့် တစ်ဦးခြင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး