လေးမျက်နှာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု အခြေအနေအား ယနေ့နံနက်၁၁နာရီ မိနစ် ၃၀ အချိန်၌ ဟင်္သာတခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန ခရိုင်အုပ်ချူပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် စက်ရုံတည်ဆောက်နေမှုအခြေအနေများအား မေးမြန်းရာ လေးမျက်နှာ မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာစုစုလှိုင်နှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ရန် မှားကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် အထွေထွေအုပ်ချူပ် ရေးဦးစီးဌာန ခရိုင်အုပ်ချူပ်ရေးမှူး ဦးမြင့်သန်းဝင်းသည် လေးမျက်နှာမြို့နယ် အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရာတွင် မတည်အလှူရှင် ပရဟိတဆရာတော် ဦးအရိယနန္ဒအား ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)