မိုးကုတ်မြို့ ဇန်နဝါရီ ၅
မန္တတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၇၄)နှစ်မြောက်လွတ်လပ်ရေး နေအထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၆)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင်ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားသို့ တက်ရောက်လာသည့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များသို့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းကောက်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)