သာယာဝတီ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျေးရွာအုပ်စု (၄) အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်း ဆောင်းသီးနှံထုတ်ချေးခြင်းကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်နေ့ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေများကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျေးရွာအုပ်စု (၄)အုပ်စုမှ တောင်သူ (၂၈၉)ဦးအား ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်းဖြင့် (၂၁၉၉) ဧကအတွက် (၂၁၉၉)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လှိုင်ထံမှ သိရသည်။
သန့်ဇော်