မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မိုင်းငေါ့ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၊လူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတများ ရရှိစေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်စာစောင် မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း ၊ကဗျာရွတ်ဆိုခြင်း နှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက် /ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ မိုင်းငေါ့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အငယ်တန်းစာရေး-ဒေါ်ခိုင်နှင်းဆီက ”သူတို့လေး တွေဘယ်မှာနေ “ စာအုပ်ဖြင့် ရုပ်ပြပုံပြောခြင်း အစီအစဉ်ကို  Onlineမှ တစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ် (ပြန်/ဆက်)