သတင်းများ

ကျွန်းစုမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီး မြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲအား ယမန်နေ့မွန်းလွဲပိုင်းက မြို့မအားကစား ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Jan 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အများပြည်သူ အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ရွှေဘိုမြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်း
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ မြို့တော်ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက်၄နာရီ မိနစ် ၂၀အချိန် တွင် ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ သိသိသာသာလျော့နည်းလျက်ရှိ
Jan 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၄ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာလျော့နည်း လာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကနီမြို့၌ ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့၌ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ်အထက် ပြည်သူ (၁၈၆)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယန်းမြို့၌ အသက်၁၈နှစ်နှင့်အထက် ဒေသခံတိုင်းရင်းသားပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီမှစ၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ အသက်၁၈ နှစ်နှင့်အထက် ဒေသခံတိုင်းရင်း သားပြည်သူများနှင့် သက်ကြီးဘိုးဘွားများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။