ဖာပွန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ဖာပွန်  ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၈) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ / နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော “(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ” အား ခေတ္တခရိုင်အုပ်ချုပ်‌ရေးမှူး ဦးငွေဒိုးက ဖတ်ကြားသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦး‌ငွဒိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်