သတင်းများ

ပွင့်ဖြူမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်
Jan 05,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် (ထက်၊လယ်၊မူ) စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကတေဇရုပ်စုံပါ စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့် ၏ “ ရောင်စုံပန်း ” ခေါင်းစဉ်ဖြင့် ကဗျာ ရွတ်ဆိုခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Jan 05,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများက လာရောက်ထုတ်ယူကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jan 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ထီးချိုင့်၌ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန် က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအဝင်းအတွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဂုဏ်ပြုရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများက အလေးပြုခဲ့ကြသည်။
မြောက်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ အလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျောက်တံခါးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ယနေ့ညနေ(၃)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။