ကျောက်တလုံးမြို့၌ မိုးစပါးများ ရိတ်သိမ်းပြီးလယ်မြေများ၌ ဆောင်သီးနှံကြက်တွန်ဖြူ စိုက်ပျိုးလျက်ရှိ

ကျောက်တလုံးကြီး ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မိုးစပါးများရိတ်သိမ်း၍လယ် မြေများတွင် ဆောင်းသီးနှံဖြစ်သောကြက်တွန်ဖြူကို စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ကြက်တွန်ဖြူများကို စိုက်ပျိုးရာတွင် မိုးစပါးများကိုရိတ်သိမ်းပြီး နိုဝင်ဘာလတွင် လယ်မြေများ ထွန်းရေးညှပ်အောင်ပြုပြင်ကာ ဒီဇင်ဘာလမှစ၍ ဘောင်ဖော်ပြီး မြေအောင်းအဖြစ် နွားချေးနှင့်ဒီစူပါ မြေဩဇာထည့်ကာတစ်ပင်နှင့် တစ်ပင်နှစ်လက်မ၊ တစ်တန်းနှင့် တစ်တန်းလေးလက်မခွာ၍ စိုက်ပျိုးကြောင်း စိုက်ပျိုးပြီးတစ်ပတ်အကြာ ပေါင်းပင်များ နှိမ်နင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် တစ်ပတ်လျှင် တစ်ကြိမ်ရေပက်ဖျန်းခြင်းကို ဆောင်ရွက်ကြောင်း၊ လေးပတ်ကြာလျှင် ပုလဲနှင့်အာမိုရ် မြေဩဇာထည့်သွင်း ပေးရကြောင်း ပေါင်းပင်များအား နှစ်လအရွယ်အထိ နှိမ်နင်းပေးရမည် ဖြစ်ကြောင်း၊ ရက်ပေါင်း(၉၀) တွင်ကြက်တွန်ဖြူများ စဖူး၍ အဖူးများကိုခူးချွေပေးရမည် ဖြစ်ကြောင်း၊ သို့မှသာကြက်တွန်ဖြူဥကြိးထွားမည်ဖြစ်ကြောင်း၊ ကျောက်တလုံးကြီးမြို့ ကြက်တွန်ဖြူစိုက် တောင်သူဒေါ်နန်းအိ ထံမှသိရသည်။

အဆိုပါကြက်တွန်ဖြူစိုက်ပျိုးသည့် ရက်ပေါင်း(၁၂၀)ခန့်ကြာသောအခါ၌ ပင်စည်နှင့်အရွက်ဝါလာ ပါကလက်ဖြင့်ဆွဲနှုတ်သိမ်းယူနိုင်ကြောင်း၊ ကြက်တွန်ဖြူ ပိဿချိန်(၁၀၀) စိုက်ပျိုးလျှင်စံနှုန်း အရပိဿချိန် (၈၀၀)မှ(၁၂၀၀)ကြားထွက်ရှိနိုင်ကြောင်းသိရှိရသည်။

        

မြဝင်း(ကျောက်တလုံးကြီး)