စဉ့်ကိုင်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်

 

စဉ့်ကိုင်   ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား လူဝန်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက်(၈)နာရီက မီးသွေးဘုတ်ကျေးရွာနှင့်   ကသဲကုန်းကျေးရွာတို့တွင် နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသူများအား  အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်နှင့် ဝန်ထမ်းများက မီးသွေးဘုတ်ကျေးရွာနှင့် ကသဲကုန်းကျေးရွာမှ (၁၆)နှစ်မှ (၁၈)နှစ် အတွင်းရှိ အမျိုးသား(၆၆)ဦး၊ အမျိုးသမီး (၅၈)ဦး၊ (၁၈)နှစ်အထက် အမျိုးသား (၁၃၈၃) ဦး၊ အမျိုးသမီး (၁၅၇၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် လူဝန်မှု   ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား  မရှိသူများနှင့် အိမ်ထောင်စု စာရင်းမရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၆)နှစ်နှင့် (၁၈)နှစ်ကြား(၁၂၄)ဦးနှင့် အသက်(၁၈)နှစ်အထက်(၂၉၅၈)ဦး၊ စုစုပေါင်း(၃၀၈၂)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ညိုညိုဝင်း