မြို့သစ်မြို့နယ်၌ အခြေခံပညာ စာသင်ကျောင်းပေါင်း(၁၉၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

မြို့သစ်  ဇန်နဝါရီ  ၁၀

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၁၉၂)ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းများကို နိုဝင်ဘာ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိသည်။

အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် မြို့သစ်မြို့နယ်အတွင်းမှ အခြေခံပညာ အထက်တန်း ကျောင်း(၁၁)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၁၈)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(၃၀)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(၂၉)ကျောင်း၊ အခြေခံပညာ မူလတန်ကျောင်း(၅၄)ကျောင်း၊ အခြေခံပညာ မူလတန်းလွန် ကျောင်း(၄၀)ကျောင်း၊ အမကခွဲ()ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း()ကျောင်း၊ စုစုပေါင်း အခြေခံပညာ ကျောင်း(၁၉၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)