ကမာရွတ်မြို့နယ်အတွင်းရှိ လမ်းတစ်​လျှောက် စုပေါင်းသန်ရှင်း​ရေးများ​ ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၀

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာ​ရေး၊ မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများစု​ပေါင်း၍ လမ်းမကြီးများတစ်​လျှောက် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့်ကားမှတ်တိုင်များ ရေ​ဆေးခြင်း ဆောင်ရွက်​ပေးလျှက်ရှိပါသည်။

အလားတူရပ်ကွက်တွင်းရှိ အသုံးပြုလျှက်ရှိသော အမှိုက်ပုံးများနှင့် အမှိုက်သိမ်းယာဉ်များ အနံ့အသက်​ကောင်းမွန်​စေရန်​ ရေများဖြင့်​ ဆေး​ကြောသန့်စင်ခြင်းနှင့် အဓိကလမ်းမကြီးများ အင်းစိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ နာနတ်​တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်​နောင်လမ်းမကြီးနှင့် လှည်းတန်းလမ်းမကြီး​ပေါ်ရှိ ခြံစည်းရိုးနှင့် ပလက်​ဖောင်းကြား အမှိုက်များကို ရှင်းလင်းခြင်း၊ အများပြည်သူ အသုံးပြု​နေ​သောမှတ်တိုင်​နေရာများကိုလည်း ​ဆေး​ကြော၍ သန့်ရှင်းလှပ​စေ​ရေး၊ ရပ်ကွက်တွင်းရှိ​ ရေနှုတ်​မြောင်းများမှ အမှိုက်များကို ရှင်းလင်းသယ်ယူခြင်းများကို မြို့နယ်စည်ပင်ဝန်ထမ်းများမှ​ စေတနာပြည့်ဝစွာဖြင့်​ ဆောင်ရွက်​ပေးလျှက်ရှိ​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့  ပြန်ဆက်